MFF Digicel Women's Cup 2012

MFF Digicel Women's Cup 2012 ပြိုင်ပွဲတွင် အားကစားအသင်း ဗိုလ်စွဲ

Digicel မှ Title Sponsor အဖြစ်တာဝန်ယူပြီး PEP 
မှအဓိကစပွန်ဆာအဖြစ် ကူညီပံ့ပိုးပေးသော MFF Digicel 
Women's Cup 2012 ပြိုင်ပွဲ၏ နောက်
ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ သြဂုတ်လ(၇)ရက်နေ့ညနေ(၃း၃၀)နာရီက ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲစဉ်တွင်
အားကစားဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရရှိကာ ပထမဆုံးချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် လူငယ်ကစားသမားအများစုဖြင့် ဖွဲ့စည်းထားသော အားကစားဝန်ကြီးဌာနအသင်းနှင့် ၀ါရင့်ကစားသမားများဖြစ်သည့် မိုးမိုးဝါ၊မိုင်နီလာ
ထွေး၊ သန်းသန်းထွေး၊ အေးနန္ဒလှိုင် တို့ဦးဆောင်သော ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနှယ်ယှဉ်ပြိုင်ကစားခဲ့ကြကာ ပွဲချိန်မိနစ်(၃၀)
တွင် ကျောနံပါတ်(၉) ရီရီဦးသွင်းယူခဲ့သည့် တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် အားကစားဝန်ကြီးဌာနအသင်းက အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အားက
စားအသင်းတွင် အတွေ့အကြုံရှိ လက်ရွေးစင်တိုက်စစ်မှူး ခင်မာလာထွန်းက ကွင်းလယ်တွင်အသင်းအား အဓိကမောင်းနှင်သွားခဲ့ပြီးပရိသတ်အကြိတ် ခြေစွမ်းပြနိုင်ခဲ့သည်။

ဗိုလ်လုပွဲစဉ်ကို အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်
ရှိသူများ၊ Title စပွန်ဆာ Digicel မှတာဝန်ရှိသူများ၊ အဓိကစပွန်ဆာဖြစ်သည့် PEP မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်
ရောက်ခဲ့ကြသည်။ ပြိုင်ပွဲအား မူလက ပထမဆု ကျပ်(၁၀)သိန်းနှင့် ဒုတိယဆု ကျပ်(၆)သိန်း၊တတိယဆု ကျပ်(၃)သိန်းချီးမြှင့်ရန် သတ်မှတ်ခဲ့ သော်လည်း ယနေ့ဆုပေးပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌက ဆုကြေးများ တိုးမြှင့်ပေးသည့်အနေဖြင့် ပထမဆုကို ကျပ်(၁၅)သိန်း၊ ဒုတိယဆုကို ကျပ်(၁၀)သိန်း၊တတိယဆုကို ကျပ်(၅)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

MFF Digicel Women's Cup 2012 ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန
အမျိုးသမီးအသင်းအား ဆုကြေးငွေ ကျပ်(၅)သိန်းကို MFF အမျိုးသမီးဘောလုံးတာဝန်ခံ ဒေါ်မြတ်မြတ်ဦး၊ဒုတိယဆုတံဆိပ်များကို အဓိကစပွန်ဆာ
PEP မှ Marketing Director ဦးအောင်ကျော်နိုင်နှင့် ဆုကြေးကျပ်(၁၀)သိန်းကို PEP မှ Managing Director ဦးအောင်မြင့်တို့ကချီးမြှင့်ပေးအပ်ခဲ့ကြ သည်။ ယင်းနောက် ချန်ပီယံဆုရ အားကစားအသင်းအား ဆုတံဆိပ်များကို Digicel မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စအီဗန်က ပေးအပ်ခဲ့ပြီး မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုကြေးကျပ်(၁၅)သိန်းကို ချီးမြှင့်ကာ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ချန်ပီယံ
ဆုဖလားကို ဂုဏ်ပြုပေးအပ်ခဲ့သည်။

Comments